Thursday, January 17, 2008

ကျွန်တော်နှင့် ဘလောဂ်

ကျွန်တော်အရင်က ဘလောဂ်ဆိုတာဘာမှန်းမသိဘူး။ တစ်ခါမှလည်းမကြည့်ဖူးဘူး။ စိတ်လည်းမ၀င်စားဘူးဗျ။
ဘလောဂ်ကိုဘယ်မှာသွားစိတ်ဝင်စားသွားလည်းဆိုတော့ ရုပ်ရှင်သရုပ်ဆောင် ဒွေးသေတုန်းက ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် မြို့ထဲမှာ သင်တန်းတက်နေတာ။ သင်တန်းကပြန်အလာကားဂိတ်မှာ ဒွေးသေပြီဆိုတဲ့စာရွက်တွေ ၂၀၀ နဲ့ရောင်းနေတာဗျား။ ကျွန်တော်လည်းဘယ်ဝယ်မလဲ။ဒီကောင်တွေရိုက်စား လုပ်နေတာဆိုပြီး၊ ယုံလည်းမယုံဘူးဗျာ။ အဲ ကားပေါ်မှာ သူများတွေဖတ်နေတာမြင်တော့ စူးစမ်းကြည့်လိုက်တာ၊ Myanmar Times ဂျာနယ် မိတ္တူတွေဗျ၊ အဲဒါနဲ့ဒွေးသေတာတစ်ကယ်ယုံသွားတယ်။ အလုပ်ကိုပြန်ရောက်တော့ ဂျာနယ်သွားဝယ်တာ ဘယ်မှာမှ ၀ယ်လို့
မရဘူး။ အရမ်းသိချင်တော့ ၀ယ်လိုက်မိရင်အကောင်းသားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတုန်း Customer တစ်ယောက်
က ဒွေးသေပြီဆိုတဲ့သတင်းကို အင်တာနက် ကနေ ဓါတ်ပုံတွေနဲ့ ဖတ်နေတယ်ဗျား။ အဲဒါနဲ့ ဟာဟုတ်လှချည်လားလို့။ လိပ်စာ ကိုကြည့်
လိုက်တော့ ဘလောဂ် ဖြစ်နေတယ်ဗျာ။ ဘေလာဂ္ဂါ ကေတာ့ ကိုစိုးေဇယ် ပါ။ အဲဒီမှာဘဲ ကျွန်တော် ဘလောဂ်တွေကို စိတ်ဝင်စားသွားတယ်။ ဘလောဂ်တွေကို နေ့တိုင်းဖတ်ဖြစ်တယ်။ ဒါပေမယ့် ၂၀၀၇ ကုန်တဲ့အထိ တော့ ဘလောဂ်ရေးဖို့ကို စိတ်မ၀င်စားသေးဘူးဗျ။ ၂၀၀၈ လည်းရောက်တဲ့အခါကျတော့ ကျွန်တော်ရဲ့ ဇာတ်လိုက်ကြီး
မောင်ပွေး က စရေးပါလေရော။ ဒီကောင်က မတက်တခေါက်ရေးပြီး
ကျွန်တော့်ကိုလာလာကြွားနေလို့ ငါလည်းအပြောင်းအလဲလေးဖြစ်အောင်ရေးမယ် ဆိုပြီးရေးဖြစ်သွားပါတယ်။ စရေးတုန်းကတော့
ဘယ်ကဘယ်လိုစရေးရမှန်းမသိဘူး။ ခေါင်းကိုခြောက်နေတာဘဲ။ ၂ ရက်လောက်အထိက မိတ်ဆက်စကားဘဲ ရေးရသေးတယ်။ နောက်
မှတဖြည်းဖြည်းနဲ့ စီဗုံးတွေ၊ နာရီတွေ၊ ထည့်ဖြစ်သွားတာ။ တစ်ချို့ဟာတွေကလွယ်ပေမယ့်။ တစ်ချို့ဟာတွေက တော်တော်ခေါင်းစား
တယ်ဗျ။ အခုထက်ထိခေါင်းစားနေရတာကတော့ ကျွန်တော်တင်ထားတဲ့ ဓါတ်ပုံတွေ နေရင်းထိုင်ရင်းပျောက် ပျောက်သွားလို့ ပြန်ပြန်တင်
နေရတဲ့ကိစ္စ ဘဲဗျာ။ သိတဲ့သူတွေအကြံပေးပါဦး။ ဘယ်လိုလုပ်ရမလဲလို့။

No comments: